Baby Driver (20/17)
📱IMDb Rating ___7.5/10, Rotten ___92%
ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Edgar Wright ကိုယ်တိုင် ဇာတ်ညွှန်းရေး Co- Produce ပြီးရိုက်ကူးထားတဲ့ Crime Action ဇာတ်ကားကောင်းတစ်ခုပါ။
ဘယ်အချိန် ဘယ်နှခါ ကြည့်ကြည့် မရိုးနိုင်အောင်ခေတ်ရဲ့ဒဏ်ကို အံတုနိုင်တဲ့အပြင် ဝေဖန်ရေးဆရာတွေရဲ့ ချီးမွမ်းချက်တွေနဲ့ ဝင်ငွေပိုင်းမှာလည်း အတော်ကို အောင်မြင်မှုရခဲ့တဲ့ ရုပ်ရှင်တစ်ခုပါ။
Baby Driver ဆိုတဲ့ ရုပ်ရှင်နာမည်အတိုင်း အဓိကဇာတ်ကောင်က Baby Baby က Driver ရွက်ကြမ်းရေကျို ကားသမားမျိုးတော့မဟုတ်ပါဘူး။ ကားဒက်ရှ်ဘုတ်ကို ကျော်မြင်နိုင်တဲ့အရွယ် ငယ်ငယ်ကတည်းက ကားတွေနဲ့ လိုက်မွှေလာတဲ့ ဆရာကြီးတစ်ယောက်ပါ။
သူ့ကိုတော့ ဒေါက်တာဆိုတဲ့ ဘဲကြီးတစ်ပွေက လာဘ်ကောင်လေးလို့ သဘောထားပြီး ဓားပြတိုက်တဲ့အခါတိုင်း ကားဆရာအနေနဲ့ သုံးပါတယ်။ သုံးတဲ့အခါတိုင်းလည်း မလွတ်မရှိရအောင်ပြေးလွတ်ခဲ့တာပါပဲ။
သူနဲ့ သီချင်းတွေ ဘယ်လိုတွဲမလဲဆိုတဲ့ မေးခွန်းအပေါ် ဒါရိုက်တာမှာ အဖြေကောင်းကောင်းတစ်ခုရှိပါတယ်။ ငယ်ငယ်က ကားမတော်တဆမှုတစ်ခုကြောင့် နားအူရောဂါ ခံစားနေရတယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုကို ပေးလိုက်တာပေါ့။
ဒါကြောင့် ဘေဘီဟာ အချိန်ပြည့် သီချင်းနားထောင်ရတယ်။ ကြည့်တဲ့လူတွေကလည်း သူနဲ့အတူ သီချင်းထဲ လိုက်မျောခွင့်ရတယ်။ သီချင်းတွေကလည်း ပေါတိပေါချာတွေ မဟုတ်ဘူး တကယ့်သီချင်းတွေကို ဇာတ်လမ်းနဲ့အညီ အံဝင်ခွင်ကျသုံးပြီး သီချင်းအကြောင်းမဟုတ်တဲ့ ဂီတ ဆန်ဆန် ရုပ်ရှင်တစ်ခုကို သူသွန်းလုပ်ခဲ့တာမျိုးပေါ့။
ဇာတ်လမ်းအသွားကလည်း မမြန် မနှေးနဲ့ သိပ်ကိုအရသာရှိတဲ့ စီးဆင်းမှုမျိုးရှိပါတယ်။ ရိုက်ကွက်တွေကတော့ ပြောဖို့လိုမယ်မထင်ပါဘူး ဇာတ်လမ်း အစကနေ အဆုံး ပျင်းချိန်ကို မပေးဘဲ ပြီးတဲ့အထိ စိတ်လှုပ်ရှားစရာကောင်းအောင် ဆွဲခေါ်သွားနိုင်ပါတယ်။
Baby နေရာကသရုပ်ဆောင်တဲ့ Ansel Elgort ကလည်း စကားနည်းနည်းနဲ့ နားလည်ရခက်တဲ့ ဇာတ်ကောင်မျိုးကို ပီပြင်အောင်သရုပ်ဆောင်ထားနိုင်ပါတယ်။
အဲဒီအတွက်လည်း Best Male Newcomer award ကိုရရှိခဲ့ပါတယ်။ ဒီရုပ်ရှင်နဲ့ ပတ်သက်တဲ့ ဆုတွေကို စာရင်းချရရင် အတော်ကို ရှည်သွားပါလိမ့်မယ်....။ အဲဒီလောက်ကို ကြမ်းတာပါ....။
Copyright ကြောင့် အဆင့်ဆင့်လေး ခံထားရတာ နားလည်ပေးပါဗျ ....
👇👇👇
ချန်နယ်ကိုအရင် Join ပြီး မှ
ဇာတ်ကားတွေ ကြည့်လိုရပါမယ်ဗျ
➡️(ချန်နယ် Join ရန် လင့်)🔽🔽
https://t.me/+74x-g52oWogzMDNl➡️ဇာတ်ကားကြည့်ရန်လင့်🔽🔽
https://t.me/c/2251685045/8475