The Huntsman: Winter’s War (20/16)
ဒိတ်ဒိတ်ကြဲ သရုပ်ဆောင်တွေနဲ့ စနှိုးဝှိုက် ဇာတ်ကား ဆိုရင်တော့ ဒီကားပဲ ပြရမှာဖြစ်ပါတယ်။
မင်းသား Chris Hemsworth , မင်းသမီး Charlize Theron ,Emily Blunt , Kristen Stewart , Jessica Chastain စတဲ့ ဒိတ်ဒိတ်ကြဲတွေနဲ့ အမိုက်စားရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးပါ။
ဒီဇာတ်ကားက 2012 ခုနှစ်က ထွက်ခဲ့တဲ့ Snow White and The Huntsman ရဲ့ Prequel ရော Sequel အဖြစ်ပါ ပြောလို့ရတဲ့ ဇာတ်ကားပါ။
ဇာတ်လမ်းအစောပိုင်းမှာ စုန်းမ၂ယောက်ဖြစ်တဲ့ ရဗန်နာ နဲ့သူ့ညီမ ဖရယ်ယာ တို့နဲ့ စတင်ထားပါတယ် ရဗန်နာဟာ snowwhite ကားထဲက စုန်းမဖြစ်ပြီး သူ့ညီမရဲ့ချစ်ခြင်းကိုပါ ဖျက်ဆီးခဲ့တယ်။
ဒါကြောင့် အကြီးအကျယ် ဒေါသထွက်ခဲ့တဲ့ ဖရယ်ယာ တစ်ယောက်သူ့ရဲ့ အင်ပါယာကိုစတင်တည်ထောင်မှုကနေ Huntsman ရဲ့ ဇာတ်လမ်းပါပေါ်ထွက်လာခဲ့ပါတယ်။
ဒီဇာတ်ကားဟာ Snow White ကားမစတင်ခင်က အဖြစ်အပျက်တွေ နဲ့ Snow White ကားပြီးတော့ ထပ်မံဖြစ်ပေါ်လာတဲ့ အချိန်ကာလနှစ်ခုကို ပြန်လည်ဆက်စပ်ပေးထားတဲ့ ဇာတ်ကားဆိုလည်းမမှားပါဘူး။
Snow White ရဲ့ လက်ချက်နဲ့သေဆုံးခဲ့တဲ့ ရဗန်နာက ဒီဇာတ်လမ်းမှာ ပြန်လည်ရှင်သန်လာတာလည်း တွေ့ရပြီး သူ့ရဲ့မှော်ကြေးမုံဟာ ဒီဇာတ်ကားမှာ အဓိကနေရာက ပါဝင်တဲ့ပစ္စည်းတစ်ခုဖြစ်လာပါတယ်။
စနှိုးဝှိုက်ပုံပြင်ကျောရိုးကို အက်ရှင်စွန့်စားခန်းတွေနဲ့ဆိုတော့ Fantasy ကြိုက်တတ်သူတွေ လုံးဝ လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ကားကြီးပါပဲ။
Extended Version နဲ့ တင်ဆက်ထားတာမလို့ ရုံတင်တုန်းကမပါတဲ့ Scene တချို့နဲ့ ပိုမိုပြည့်စုံတဲ့ Version ဖြစ်ပါတယ်။
ချန်နယ်အရင်joinပါ👇👇
https://t.me/+5PMPHk1kGu83Y2Vlhttps://t.me/+5PMPHk1kGu83Y2Vlဇာတ်ကားကြည့်ရန်လင့်👇👇
https://t.me/c/3651382383/4295https://t.me/c/3651382383/4295🔞ဘော်ဒါတို့အကြိုက်လင့်👇👇
https://t.me/+JxBe0jlTlZg5Mjdlhttps://t.me/+JxBe0jlTlZg5Mjdl