1/2ဒီကားတကယ်ရီရတယ်နော် ကြည့်ကြည့်😆😆
မင်''တော့ ဝန်ကြီးရုပ်မြင်တာနဲ့ အလိုလိုအူတက်
Movie name - Dasvi (2022)
Harit Pradesh ပြည်နယ်ရဲ့ ပညာမဲ့ အဂတိလိုက်စားသူ ဝန်ကြီးချုပ် Ganga Ram Chaudhary (Abhishek Bachchan) ဟာ သတင်းစာဖတ်စရာမလို၊ ပညာမလိုဘဲ အာဏာရှိရင် အကုန်ရတယ်လို့ ယုံကြည်ထားသူဖြစ်ပါတယ်။ ဒါပေမဲ့ အဂတိလိုက်စားမှုနဲ့ ထောင်ကျသွားတဲ့အခါ အာဏာကို သူ့ဇနီး Bimla (Nimrat Kaur) ဆီ ခေတ္တလွှဲပေးခဲ့ပါတယ်။ ထောင်ထဲမှာ ပင်ပန်းတဲ့ အလုပ်ကြမ်းတွေ မလုပ်ချင်တဲ့အတွက် "ဆယ်တန်းစာမေးပွဲဖြေမယ့် ထောင်သား" ဆိုရင် စာကြည့်တိုက်မှာ အေးဆေးနေလို့ရတယ်ဆိုတဲ့ ဥပဒေကို အခွင့်ကောင်းယူခဲ့ပါတယ်။ ဒါပေမဲ့ အသစ်ရောက်လာတဲ့ စည်းကမ်းကြီး ထောင်မှူး IPS Jyoti Deswal (Yami Gautam) က သူ့ကို စိန်ခေါ်ပြီး တကယ် စာမကျက်ရင် အလုပ်ကြမ်းခိုင်းမယ်လို့ ဖိအားပေးလိုက်တဲ့အခါ… စာမတတ်တဲ့ ဝန်ကြီးချုပ်ကြီး ထောင်ထဲမှာ တကယ့်ကို ဆယ်တန်းအောင်ဖို့ ဒုက္ခခံ စာကျက်ရပါတော့တယ်
Comment မှာ ဇာတ်ကားလင့် 👇👇









